စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

အခြားသူများနှင့်သင့်မြတ်ခြင်း

အများအားဖြင့် လူများနှင့်အတူအချိန်ယူ၊ အတူနေရခြင်းကို ကျွန်တော် သဘောကျသည်။ မိမိနှစ်သက်သူနှင့် အတူရှိနေချိန်တွင် နှလုံးသား၌ ပြောမပြနိုင်လောက်သည့် ပျော်ရွှင်မှုများပဲ့တင်ထပ် နေသည်။ သို့သော် မိမိအနားမှာ အမြဲတမ်း ရှိစေချင် သူများနှင့် အမြဲမရှိနေနိုင်ပါ။ အချို့က လူအများနှင့် ရောနှောရသည်ကို စိတ်အနှောင့်အယှက်ဖြစ်သည်။ တစ်စုံတစ်ယောက်က “လူတွေအကြောင်း သိလာ တာနဲ့အမျှ၊ ငါ့ခွေးလေးကို ပိုချစ်လာတယ်”ဟုပြော သည်။ ပေါင်းသင်းဆက်ဆံရေးကို မကျေနပ်၊ အားမရသောအခါ အခြားသူများအပေါ် အပြစ်ဖို့ ဆင်ခြေပေးပြီး မိမိနှစ်သက်သူများထံမှ ရှောင်ဖည် ခွဲထွက်သည်။ တမန်တော် ရှင်ပေါလုက ခရစ်တော် ၌ ညီအစ်ကိုချင်းချစ်ရန် တောင်းဆိုသည်။ ကျွန်ုပ်တို့ အားလုံးကို တစ်လုံးတစ်ဝတည်းရှိရန်၊ သူ့အမှုအရာကိုရှုမှတ်ရန်၊ ယေရှုခရစ်တော်၌ ရှိသော ထိုစိတ်သဘောထားကို ကျွန်ုပ်တို့၌လည်းရှိရန် ပြောကြားသည်။
စဉ်းစားကြည့်ပါ။ သခင်ယေရှုက သူ၏ကိုယ်ပိုင်အခွင့်အာဏာနှင့် အခွင့်အရေး များကို စွန့်လွှတ်ပြီး ကျွန်ုပ်တို့အတွက်ပေးဆပ်ခဲ့သည်။ အစေခံရန်…

T. ball ယုံကြည်ခြင်း

T.ball ကစားနည်းတွင် ပစ်မှတ်ကို မထိဘဲ ရိုက်ချက်လွဲချော်၍ စိတ်ပျက်ရခြင်းက နောက်မှ၊ ကလေးများ ကွင်းထဲ၌ ပျော်ရွှင်မြူးတူးနေကြခြင်းက T.ball အားကစား၏ထူးခြားချက်ဟု လူတိုင်းလက်ခံ ထားကြသည်။
T. ball ကစားနည်းတွင် ၅ နှစ် - ၆နှစ် အရွယ်ကလေး၏ ခါးအမြင့်ခန့်ရှိ တုတ်တံပေါ်မှ ဘေ့စ်ဘော ဘောလုံးကို ထိအောင်လွှဲရိုက်ပြီး ပြေးရသည်။ အားကစားနည်းပြအဖြစ် ကျွန်တော် ပထမဆုံး စလုပ်သည့်ညတွင် ဘောလုံးရိုက်သည့် ကလေးက ပထမဆုံးရိုက်ချက်မှာပင် ကွင်းအပြင် ဖက် အဝေးအထိရောက်အောင် ရိုက်ခဲ့သည်။ ထိုအချိန်၌ ကစားသမား ကလေးတိုင်းသည် ၎င်းတို့ရှိရမည့်နေရာ၌မရှိဘဲ အားလုံးက ဘောလုံးကို အပြေးအလွှား သွားလုကြသည်။ ကလေးတစ်ဦးက ဘောလုံးကိုရရှိပြီး ကွင်းထဲ ကို ပြန်ပစ်ပေးရမည်ဖြစ်သော်လည်း၊ ကွင်းထဲ၌ ဖမ်းမည့်သူမည်သူမျှ မရှိကြတော့ပါ။ ကလေးများအားလုံး ကွင်းအပြင်ဖက်၌ အတူရပ်လျက် ထိန်းမရနိုင်အောင် ရွှင်မြူးတက်ကြွပြီး…

ကောင်းစားသောဘဝ

လှပမှု၊ချမ်းသာကြွယ်ဝမှု၊ တန်ခိုးအာဏာ၊ ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ပြုခြင်း၊ စိတ်ကျေနပ် ပျော်ရွှင်စရာများသည် ကောင်းသောအရာများ ဖြစ် သည်။ သို့သော် အကောင်းဆုံးတော့ မဟုတ်ပါ။ ဘုရားသခင်ကိုချစ်ခြင်း၊ မေတ္တာတော်ကို သိမှတ်ပြီး ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သူ့ကို မိမိ၏ ဘ၀တစ်သက်တာ မိတ်ဆွေဖြစ်စေခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ထို့သိုပြုလျှင် စိတ်ကျေနပ် မှုနှင့် ၀မ်းမြောက်မှုကို လက်ငင်းခံစားရခြင်းကြောင့် အသက်တာအတွက် အကောင်းဆုံးဘ၀ကို ရရှိရန် လမ်းကြောင်းသို့ ဦးတည်သွားသည်။ ခရစ်ယာန်များ အနေဖြင့်တစ်ဘ၀လုံး ထိုသို့ပြုရမည်ပင်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အချိန်ပေးပြီး သင်နှင့်ကျွန်ုပ်ကို ဖြစ်တည်စေသော ချစ်ခြင်းမေတ္တာ၌ တည်နေရပါမည်။ ၎င်းသည် ကျွန်ုပ်တို့ ဖြစ်တည်နေ ရသည့် အဓိကအကြောင်းရင်းနှင့် ဘ၀ကို အကောင်းဆုံး အသုံးချနိုင်မည့်နည်းလည်းဖြစ်သည်။
(ဆာ ၇၃း ၂၈) တွင် “အကျွန်ုပ်မူကား ဘုရားသခင့် ထံတော်သို့ ချဉ်းကပ်၍…

နိဂုံးအဆုံးကို ဆင်ခြင်ခြင်းဖြင့် ရရှိသောစိတ်ခွန်အား

နှစ်သစ်ဆီသို့ အကြံအစည်များ၊ ဆုံးဖြတ် ချက်များနှင့် ကျွန်ုပ်တို့ ကြိုတင်မျှော်မှန်းကြည့်မိစဉ် အတိတ်ဆီမှ ဘုရားကြည်ညိုကိုင်းရှိုင်းသူ ပုဂ္ဂိုလ်များ ၏ စကားက `မိမိ၏သေခြင်း´ ဟူသည့် ကျွန်ုပ်တို့ လျစ်လျူထားလိုသည့် အကြောင်းအချက်ကို ဆင်ခြင်ရန် တိုက်တွန်းနေပါသည်။
Thomas à Kempis (၁၃၇၉- ၁၇၁၅) ဆို သည့် ပုဂ္ဂိုလ်က `မိမိသေဆုံးမည့်အချိန်ကို အစဉ် မျက်မှောက်ပြုပြီး မိမိ၏ သေဆုံးခြင်းအတွက် နေ့စဉ် ပြင်ဆင်သူသည် ပျော်ရွှင်သူ´ ဟု ရေးသားခဲ့သည်။ Francois Fenelon (၁၆၅၁-၁၇၁၅) ကလည်း `ရှောင်လွဲလို့မရတဲ့အရာကို ရှောင်ချင်ကြတဲ့သူ၊ သေခြင်းတရားကို မတွေးချင်တဲ့သူတွေက မိုက်မဲ တာပဲ၊ သူတို့ကိုလည်း အရမ်းအပြစ်မတင်ပါဘူး။ တကယ်တော့ သေခြင်းဆိုတာ စဉ်းစားမိရင် ပျော်စရာပါ။ သေခြင်းဆိုတာ ရုပ်ခန္ဓာကိုပဲ ဒုက္ခပေးနိုင်တာ´ဟုဆိုသည်။
ဤပုဂ္ဂိုလ်များ၏ ရေးသားချက်မှာ သေခြင်းအကြောင်းက ဖိစီးလွှမ်းမိုးနေရမည်ဟု မရည်ရွယ်ဘဲ၊…

တည်မြဲသောစာ

Hobby Lobby လက်မှုပစ္စည်းဆိုင်ကို တည်ထောင်ခဲ့ကြသည့် မိသားစုသည် ဒုတိယ မွေးခြင်းခံ ယုံကြည်သူများဖြစ်သည်။ ဆိုင်၏ဥက္ကဌ “စတိဗ်ဂရင်း”သည် နှုတ်ကပတ်တော်ကိုမြတ်နိုးသူ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ရှားပါးစာအုပ်၊ ရှေးဟောင်း ကျမ်းပိုင်းများကို စုစည်းပြသရန် ကျမ်းစာပြတိုက် ကို တည်ထောင်ရန် ညွှန်ကြားခဲ့သည်။ “ကျမ်းစာက ဘာပြောနေလဲဆိုတာ လူတွေ စဉ်းစားမိအောင် ကျွန်တော်တို့ အားပေးချင်တယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်၊ ကျမ်းစာထဲက အဖြစ်အပျက်တွေကို ဆက်စပ်ဖော်ပြမယ့် ပြတိုက်လေး ဖန်တီးဖို့ပါ။ ဒီလောက် ဖျက်ဆီးခံရတဲ့စာအုပ်၊ လူတွေဒီလောက် ချစ်မြတ်နိုးတဲ့ စာအုပ်မျိုး၊ ကျမ်းစာအုပ်အပြင်အခြား စာအုပ်မရှိဘူး။ ဒီစာအုပ်ထဲက အံ့မခန်းအဖြစ်အပျက်တွေကို ပြန်ပြောပြဖို့လိုတယ်” ဟု သူ ပြောခဲ့သည်။
ကြာညောင်းသော အချိန်ကာလတစ်လျှောက်လုံးတွင် ကျမ်းစာကိုပြောစမှတ် ပြုလောက်သည့်နည်းလမ်းများဖြင့် ထိန်းသိမ်းခဲ့ပုံ အဖြစ်စုံကို ထိုပြတိုက်က ပြောပြလိမ့်မည်။ ထိုပြတိုက်တွင် ဓမ္မသစ်ကျမ်း၏ ရှေးအကျဆုံးကျမ်းပိုင်း အပိုင်းအစများစွာရှိပြီး၊ ထိုခေတ်က…

အတားအဆီးများအတွက် ကျေးဇူးတင်

လူပေါင်းစုံနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသမျှ နှစ်များတစ်လျှောက် ဘုရား၏ ပညတ်တော်ကို စောင့်ထိန်းခြင်းကြောင့် ဘ၀၌ ဒုက္ခရောက်ခဲ့ရသည့် လူတစ်ဦးဦးကို မတွေ့ဖူးခဲ့သေးပါ။ မည်သူမျှ မစွက်ဖက်နိုင်သော ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့်ကို အသားပေးသည့် ယနေ့မျက်မှောက်ခေတ် ၌ ဘုရားသခင်၏ နည်းလမ်းအတို်င်း နာခံ အသက်ရှင်ခြင်းအကြောင်း ပြောကြပြီဆိုလျှင် လူ့ အခွင့်အရေးကို ချိုးဖောက်သည့်ပမာ ယူဆရှုမြင် ကြသည်။ ဘုရားသခင်၏ ကန့်သတ်တားဆီးမှု အကြောင်း အကောင်းဖက်မှ ဘက်လိုက်ပြောမည့် သူ မည်သူကိုမဆို အခွင့်မပေး၊ ကန့်ကွက်တားဆီး ကြ သည်။ ဤသို့ လွတ်လပ်မှုနှင့် ပတ်သက်၍ ရူးသွပ် ကြသော်လည်း ကျွန်ုပ်တို့၏ လူမှုအသိုင်းအ၀န်း သည် အဓိပ္ပါယ်မဲ့ အချည်းနှီး အနတ္တဖြစ်မှု၊ စိတ်ပျက် အားလျော့မှုများနှင့် တရွေ့ရွေ့ယိုယွင်းလာကြောင်း ကျွန်ုပ်တို့ မသိဘဲမနေသင့်ပါ။
ဘုရားသခင်၏ လူများအနေနှင့် ကန့်သတ်တားဆီးမှုများနှင့် စပ်လျဉ်း၍ ထင်ရှား…

လေနှင့်မီး

ရံဖန်ရံခါ မီးစလိုက်တိုင်း လေတိုက်သည် နှင့် မီးငြိမ်းသွားသည်။ သို့သော် လေတိုက်နေလျှင် ရှိရင်းစွဲ မီးစကို ဆက်ပြီး တောက်လောင်စေသည်။ ထို့ကြောင့် ပထမအခြေအနေတွင် လေက ကျွန်မ၏ အကြံအစည်ကို ပျက်စေသောကြောင့် လေသည် မကောင်းဟု ကျွန်မဆိုပြီး၊ ဒုတိယအခြေအနေတွင် ကျွန်မဖြစ်စေလိုသည့်အတိုင်း ဖြစ်မြောက်အောင် လေက အကူအညီပေး၍ကောင်းသည်ဟု ကျွန်မဆို ပါမည်။
မိမိအပေါ် သက်ရောက်မှုကို လိုက်ပြီး၊ ကျွန်မတို့ တစ်စုံတစ်ရာကို ဆုံးဖြတ်သတ်မှတ် တတ်ကြောင်း ဤဆန့်ကျင်ဘက်သဘောတရားက ဖော်ပြနေသည်။ မိမိ၏အကြံအစည်ကို ပျက်စေလျှင်၊ မိမိကို ကသိကအောင့်ဖြစ်စေလျှင် လူ (သို့) အခြေအနေတစ်ရပ်ရပ်ကို မကောင်း၊ ဆိုးသည်ဟု ကျွန်မတို့ ပြောတတ်ပြီး၊ မိမိနှင့် သဘောတူညီလျှင်၊ မိမိကို ထောက်ခံလျှင် ကောင်းသည်ဟု ကျွန်မတို့ သတ်မှတ်တတ်သည်။
သို့သော် ကောင်းခြင်း၊ ဆိုးခြင်းကို ဘုရားသခင်သာ သတ်မှတ်ဆုံးဖြတ်သည်။ ထိုသို့ဆုံးဖြတ်ရာ၌်…

အောင်မြင်ရေးဗျူဟာ

ယခင်အထက်တန်းကျောင်း ဘက်စကက် ဘောနည်းပြအဖြစ် ဆောင်ရွက်စဉ်က ကျွန်တော် အမှားကြီးတစ်ခု ပြုခဲ့မိသည်။ ကျွန်တော့်အဖွဲ့မှ ကစားသမားအချို့ကို အခြားပြိုင်ဖက်အဖွဲ့အား လိုက်လံ ချောင်းမြောင်းစေခြင်းပါ။ “ဒီအဖွဲ့ကို အသာလေး (အလွယ်လေး) ကစားနိုင်ပါတယ်”ဟု ပြန်လာ သတင်းပေးကြသည်။ စိတ်ချမှုလွန်ပြီး ထို အဖွဲ့ကို ကျွန်တော်တို့ရှူံးခဲ့သည်။ ထိုအဖြစ်မျိုးကို သင်အကျွမ်းဝင်သိပါသလား။ ထိုအခြေအနေ သည် ယောရှုက အာဣမြို့ကို စုံစမ်းရန် သူလျှိုစေ လွှတ်သည့် အဖြစ်နှင့်တူပါသည်။ သူလျှိုများက ရန်သူ၏ အခြေအနေကို တစ်လွဲသုံးသပ်မိခဲ့သည်။
ညံ့ဖျင်းသော သုံးသပ်ချက်ကြောင့် အာဣမြို့တိုက်ပွဲတွင် ပေးဆပ်ရသည့် အရှူံး က ကြီးမားသည်။ ဣသရေလတို့ စစ်ရှူံးပြီး လူ ၃၆ ဦး အသတ်ခံရသည်။ သင်ခန်းစာ ယူစရာများစွာရှိသည်ဟု ကျွန်တော်ယူဆမိပါသည်။
အာဣမြို့မတိုင်မီက၊ ယေရိခေါတိုက်ပွဲတွင် ယောရှုသည် ဘုရားသခင်၏ တိုက်ပွဲ ဗျူဟာကို သိရှိထားခြင်းကြောင့် အောင်ပွဲခံနိုင်ခဲ့သည်။…

သန့်ရှင်းသောလက်

ယနေ့မျက်မှောက်၌ ဘယ်နေရာသွားသွား လက်ဆေးရန် ပြည်သူလူထုကို လှုံ့ဆော်အားပေး သည့် အမှတ်အသားများကို တွေ့ရမည်။ ရောဂါပိုး မွှားများ ခြိမ်းခြောက်မှု၊ ကူးစက်တတ်သော ဗိုင်းရပ်စ် များ၏ အန္တရာယ်များကြောင့် ကျန်းမာရေးဝန်ထမ်း များက ဆေးကြောသန့်စင်မှုမရှိသောလက်များသည် ရောဂါပိုးမွှားများကို ပျံ့နှံ့ကူးစက်စေသည့် တစ်ခုတည်းသော အကူပစ္စည်းဖြစ်ကြောင်း မပြတ် သတိပေးသည်။ထိုသို့ အမှတ်အသားများပြပြီးသတိ ပေးနှိုးဆော်မှုအပြင် အများသုံးအိမ်သာများတွင် ရောဂါပိုးမွှားနှင့်ဘက်တီးရီးယားများကို ကာကွယ် ရေးအတွက် လက်သန့်ဆေးရည်များကိုပါ ထားရှိ ပေးထားသည်။
ဒါဝိဒ်မင်းကလည်း လက်သန့်ရှင်းခြင်းရှိရန် အရေးကြီးကြောင်း မိန့်ကြားခဲ့သည်။ သို့သော် အထက်ပါ ရည်ရွယ်ချက်နှင့်တစ်ခြားစီဖြစ်သည်။ လက်သန့်ရှင်းခြင်းရှိခြင်းသည် ၀တ်ပြု ကိုးကွယ်ရာ၌ ဘုရားသခင်၏မျက်မှောက်သို့ဝင်နိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း၊ “ထာဝရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာဌာန တော်၌ အဘယ်သူသည် ရပ်ရမည်နည်း။” ဟုမေးပြီး “သန့်ရှင်းသောလက်နှင့်ဖြူစင်သော နှလုံးရှိသောသူ” ဟု ပြန်ဖြေထားသည်။ ဤနေရာတွင် သန့်ရှင်းသောလက်ဟုဆိုရာတွင် တစ်ကိုယ်ရေသန့်ရှင်းခြင်းကို မဆိုလိုဘဲ၊…

ဘုရားသခင်ထံမှ သတင်းစကား

၁၉၇၁ ခုနှစ်က `ရေး ထောမ် လင်းစန်´သည် လူနှင့် ကွန်ပြူတာတို့ ချိတ်ဆက် အလုပ်လုပ်နိုင်မည့်နည်းကို စမ်းသပ်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် နက်ဝေါ့ဆက်သွယ်မှုမှ တဆင့် ရုံးတွင်းရှိ အခြားဌာနသို့ သတင်းတစ်ခု ပို့ပေးခြင်း ဖြင့် ပထမဆုံးသော အီးမေးလ် ပို့နိုင်ခဲ့သည်။ယခု တွင် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက်နေ့စဉ် အီးမေးလ်စာပေါင်း ကုဋေချီ၍ ဆက်သွယ်ပို့နေကြပြီ ဖြစ်သည်။
ထိုစာများတွင် မိသားစုနှင့် မိတ်ဆွေများ ထံမှ လာသည့် အရေးကြီးသောစာများ ရှိသကဲ့သို့ အရေးမပါသည့် ကြော်ငြာများ၊ ဖျက်ဆီးမည့် ဗိုင်း ရပ်စ် များလည်းပါသည်။ အီးမေးလ် အသုံးပြုရာ၌ အခြေခံ စည်းမျဉ်းတစ်ရပ်မှာ စာပို့သူကို မယုံကြည် ရလျှင် စာကို မဖွင့်ရန်ဖြစ်သည်။
ဘုရားသခင်ကသားတော်အားဖြင့် သတင်းစကားပါးခဲ့ရာ ပေးပို့သူ ဘုရားသခင် ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်သည် သူ့လူများထံ ပရောဖက်များအားဖြင့်…